Sunday, November 9, 2014

The Hobbit:(1) and (2) မြန်မာစာတန်းထိုး

The Hobbit:An Unexpected Journey



ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၄င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။
          ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။
          ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေါ့(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ၀င်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။
 
ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ သစ်တောကြီးထဲမှာ တစ်ယောက်တည်းနေထိုင်တဲ့ မှော်ဆရာ ရာဒါဂါ့(စ်)နဲ့တွေ့ဆုံကြတဲ့အခါ သစ်တောကြီးကို အောက်လမ်းပညာနဲ့ အမှောင်ချထားတဲ့ ဒို(လ်)ဂါဒူးအရပ်မှ မှော်ဆရာကြီးတစ်ဦးအကြောင်း၎င်းက ပြောပြပါတယ်။ မကြာခင်မှာ ဂရင်းဝု(ဒ်)သစ်တောထဲကို ၀ံပုလွေနဲ့တူတဲ့ ၀ါ့(စ်) နှင့် ပြိတ္တာလိုလို အော့(စ်)ဆိုတဲ့ သတ္တ၀ါကောင်ကြီးတွေက လာရောက်တိုက်ခိုက်ကြလို့ သိုရင်နဲ့ ဘီ(လ်)ဘိုတို့ အားလုံးထွက်ပြေးကြရပါတယ်။ မှော်ဆရာ ရာဒါ့ဂါ့(စ်)ကလည်း အပြေးသန်တဲ့ သူ့ရဲ့ လှည်းကလေးနဲ့ ထွက်ပြေးရင်း အဲ့ဒီသတ္တ၀ါတွေကို အာရုံလွှဲပေးတယ်။
          နတ်သူငယ်ပြည်မှ လော့(ဒ်)အယ်(လ်)ရွန်နဲ့ မြင်းစီးစစ်သည်တော်တွေဟာ ၀ါ့(စ်)နှင့် အော့(စ်)တွေကို လာရောက်သုတ်သင်ပေးလို့ လွတ်သွားတဲ့ ဘီ(လ်)ဘိုတို့ကို ဂန်ဒေါ့(ဖ်)က အေးချမ်းသာယာတဲ့ နတ်သူငယ်တိုင်းပြည် ရေဗင်ဒဲ(လ်)ကို ခေါ်ဆောင်သွားပါတယ်။လော့(ဒ်)အယ်(လ်)ရွှန်၊ဂါလာဒရီး(လ်) နဲ့မှော်ဆရာကြီး ဆာရူမန်တို့ ပါဝင်တဲ့ အဖြူရောင်ကောင်စီကို ဂန်ဒါ့(ဖ်)က ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းလင်းတင်ပြပါတယ်။
          သစ်တောကြီးကို အောက်လမ်းပညာဖြင့် ပြုစားထားတဲ့ မှော်ဆရာဟာ လူယုတ်မာ မဟူရာသခင်ကြီး ဆော်ရွန်ပဲ ဖြစ်မယ်လို့ မိမိယုံကြည်ကြောင်း ဂန်ဒါ့(ဖ်)က တစ်ပါတည်းပြောပါတယ်။အဲဒီနောက် ဂန်ဒါ့(ဖ်)က ဘီ(လ်)ဘိုနှင့်လူပုတွေကို မြူခိုးဖုံးတဲ့ တောင်တန်းတွေဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီင်္တောင်တန်း ပေါ်တက်နေတုန်း ဘီ(လ်)ဘိုတို့ အုပ်စုကို မိစ္တာလိုလို ပြိတ္တာလိုလို သတ္တ၀ါတွေ ဖမ်းချုပ်ပြီး သူတို့ခေါင်းဆောင်ကြီး ဆီခေါ်သွားပါတယ်။
         ဘီ(လ်)ဘိုကတော့ သိုရင်တို့အုပ်စုနဲ့ကွဲပြီး လိုဏ်ဂူတစ်ခုထဲသို့ လိမ့်ကျသွားပါတယ်။ အဲဒီလိုဏ်ဂူထဲမှာ မှင်စာ ဂိုလမ် ကိုသူတွေ့ရတယ်။ ဂိုလမ်က တခြားမှင်စာတစ်ကောင်ကို သတ်စားနေတုန်း သူ့လက်ထဲက မှော်လက်စွပ်တစ်ကွင်း မတော်တဆ ကျပျောက်သွားပါတယ်။ ဘီ(လ်)ဘိုက အဲဒီလက်စွပ်ကို ကောက်ယူပြီး သူ့အိပ်ကပ်ထဲဝှက်ထားလိုက်တယ်။ဘီ(လ်)ဘိုကို ဂိုလမ်းကမြင်သွားပြီး သတ်စားဖို့ကြံစည်တဲ့အခါ ဘီ(လ်)ဘို နိုင်ရင်ထွက်ပေါက်လိုက်ပြမယ်။သူနိုင်ရင် ဘီ(လ်)ဘို အသတ်ခံရမယ်လို့ပြောတော့ ဘီ(လ်)ဘိုက လက်ခံတယ်။ တစ်ယောက်တစ်လှည့် စကားထာဝှက်ကြရာမှာ ဘီ(လ်)ဘို အနိုင်ရပေမဲ့ လည်းကောင်းလက်ထဲမှာ မိမိလက်စွပ်ရှိနေမှန်း ဂိုလမ်ရိပ်မိသွားတဲ့အခါ ဘီ(လ်)ဘိုကို စတင်တိုက်ခိုက်ပါတော့တယ်။
       အဲဒီအချိန်မှာ ဂန်ဒါ့(ဖ်)၊ သိုရင်နဲ့ လူပုအုပ်စုလည်း အော့(စ်)တွေလက်က လွတ်ဖို့အပြင်းအထန် တိုက်ပွဲ ဆင်နွှဲလျှက်ရှိပါတယ်။ လိုဏ်ဂူထွက်ပေါက်ဆီ ဘီ(လ်)ဘို ရောက်ပါ့မလား။အော့(စ်)တွေလက်ထဲက ဂန်ဒါ့(ဖ်)တို့ လွတ်နိုင်ပါ့မလားဆိုတာ .. . ဆက်လက်ရူစားစေချင်ပါတယ်။
         The Hobbit:An Unexpected Journy ဟာ စာရေးဆရာကြီး J.R.R Tolkien ရဲ့ ကမ္ဘာကျော်လျှို့ဝှက်ဆန်းကြယ်ပုံဝတ္တု The Hobbit ကိုမှီငြမ်းအသက်သွင်းတဲ့ ရုပ်ရှင်သုံးကားရဲ့ ပထမပိုင်းဖြစ်ပါတယ်။ The Hobbit ဟာ သုံးကားတွဲဇာတ်ကား The Lord of The Rings ရဲ့ နောက်ဆက်တွဲ (sequel)မဟုတ်ဘဲ ၊ အဲဒီမူရင်းဝတ္တုအရင် ရေးသားထုတ်ဝေခဲ့တဲ့ ၀တ္တုဖြစ်လို့လည်းကောင်းကို prequel (နိဒါန်းဇာတ်လမ်း) လို့ခေါ်ပါတယ်။
          LOTR ဇာတ်ကားတွဲရဲ့ အဓိကဇာတ်ကောင် ဖရိုဒိုရဲ့ ဦးလေး ဘီ(လ်)ဘိုက ယခုဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်ပြီး LOTR ဇာတ်လမ်းမစခင် နှစ်ပေါင်6း0 ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။
          The Hobbit ကို LOTR ဖန်ဆင်းခဲ့တဲ့ ဇာတ်ညွှန်းဆရာအတွဲ Peter Jackson, Fran Walsh, Phillipa Boyens တို့နဲ့အတူ Pans’ Labyrinth နဲ့ Hellboy ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ Guillermo del Toro တို့ပူးပေါင်းရေးသားပြီး LOTR သုံးကားလုံးရဲ့ ဒါရိုက်တာ P.Jackson ကပဲရိုက်ကူးပါတယ်။ LOTR သုံးကားဟာ  2-D ဇာတ်ကားတွေဖြစ်ပေမဲ့ ယခု Hobbit ကတော့ 3-D ဖြစ်ပါတယ်....
(7onlineradio.com မှကူးယူဖော်ပြပါသည်....)


The Hobbit:The Desolation of Smaug
The Hobbit ပထမဇာတ်ကားအဆက် ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။

ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။

ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။

ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို
သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းတွေ၊ ကို အဓိကတင်ဆက်ထားပါတယ်။
The Lord of the Rings ကားတွေ ရော Hobbit ပထမကားကို ရိုက်တဲ့ ဒါရိုက်တာပဲဖြစ်တာကြောင့်အထူးပြောစရာမလိုပါဘူး။ ဒီ LOTR နဲ့ Hobbit ဇာတ်ကားတွေက ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ပရိတ်သတ်အားပေးမှုအများဆုံးရတဲ့ကားတွေဖြစ်ပြီး၊ မူရင်း ဇာတ်လမ်းရဲ့ ရသကို မပျက်အောင် ထိန်းထားနိုင်လောက်အောင်ကောင်းပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် LOTR နဲ့မရင်းနှီးတဲ့သူတွေအတွက် ကတော့ အနည်းငယ် ပျင်းစရာကောင်းပါတယ်။ ဒီကားက ပထမကားနဲ့ ယှဉ်ရင် အနည်းငယ်နှေးမှာဖြစ်ပြီး၊ သူက တတိယကားကို အစပျိုးပေးထားတဲ့ပုံစံဖြစ်တာကြောင့် တတိယကားက အကောင်းဆုံး ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကားမှာဖြစ်ပျက်သမျှအားလုံးက တတိယကားမှာ မှ သွားအဆုံးသတ်မှာဖြစ်တာကြောင့် ပရိတ်သတ်တွေ မတင်မကျဖြစ်အောင်လုပ်ထားခဲ့တယ်လို့လည်း ပြောချင်ပါတယ်။ အထူးသဖြင့် LOTR ရဲ့ အဓိက Villain ကြီး ဖြစ်တဲ့ Sauron ( The Dark Lord) က Bilbo ကြောင့် ပြန်လည် နိုးထလာပြီဖြစ်ပြီး၊ ဒီကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းအနေနဲ့ Sauron နဲ့ Gandalf တို့ရဲ့ အားပြိုင်မှုကိုလည်းတွေ့ရမှာပါ။

အကောင်းဆုံးဇာတ်ကားတစ်ကားပါ။ Prisoners လိုစိတ်လှုပ်ရှားမှုမျိုး၊ The Dark Knight Rises လို ခံစားချက်မျိုး မရနိုင်ပေမယ့်၊ Adventure ကားတွေထဲမှာတော့ ဒီနှစ်အတွက် အကောင်းဆုံးကားပါလို့ပြောချင်ပါတယ်။

#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Review) မှကူးယူဖော်ပြပါသည်...)

The Hobbit:An Unexpected Journey
Zip File size...763MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....02:41:02
subtitle....မြန်မာစာတန်းထိုး

Download Zip File


The Hobbit:The Desolation of Smuag
Zip File size...958MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mp4
hour....02:31:05
subtitle....မြန်မာစာတန်းထိုး

Download Zip File

Taken (1) and (2) မြန်မာစာတန်းထိုး Taken (1)

Taken (1)


အက်ရှင်ကားကြိုက် ပရိတ်သတ်တွေအတွက် ကျွန်တော် ဇာတ်ကားတစ်ကားလောက်မိတ်ဆက်ပေးချင်ပါတယ်။ နောက်ပြီး
ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က Taken ပါ။ မင်းသားက နာမည်ကြီး Liam Neeson  ဖြစ်ပြီး ၂၀၀၉ခုနှစ်မှာထွက်ထားတာပါ။

ဇာတ်လမ်းအကြောင်းကိုပြောရရင်........
မင်းသားက အရင်တုန်းက CIA ကစုံထောက်၊ ၁၇နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ Liam Neeson က သူသျှို၊စုံထောက်ဆိုတော့ မိသားစုအတွက် အချိန်မပေးနိုင်လို့ မိန်းမနဲ့ကွာရှင်းပြီးနောက် သမီးလေးကိုပါ မိန်းမလက်ထဲထည့်ပေးလိုက်ရပါတယ်။ သူက သူ့သမီးလေးကိုအရမ်းချစ်တော့ CIA ကနေ အနားယူပြီး သမီးလေးနားမှာနေနိုင်အောင် ကြိုးစားနေတဲ့ အဖေနေရာက သရုပ်ဆောင်တာပါ။ Bryan (Liam Neeson ရဲ့ဇာတ်ကောင်) ရဲ့သမီး Kim (Maggie Grace ရဲ့ဇာတ်ကောင်) က တစ်နေ့မှာ သူငယ်ချင်းရယ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားလည်ဖို့ ဖခင်ကိုတောင်းဆိုပါတယ်။ (အမေရိကားမှာ ၁၈နှစ်အောက်ကလေးတွေက ပြည်ပခရီးသွားချင်ရင် မိဘခွင့်ပြု့တဲ့လက်မှတ်ပါမှ သွားလို့ရပါတယ်)။ သူ့အဖေက မသွားစေချင်ပေမယ့် နောက်ဆုံးမှာ မတတ်သာလို့ခွင့်ပြုလိုက်ရပါတယ်။ ပဲရစ်ကိုရောက်ရောက်ချင်းမှာပဲ Kim နဲ့သူ့သူငယ်ချင်း က ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကားအတူငှားစီးမိရာကနေ Albanian တွေရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ Albanian တွေက အဖော်မပါပဲ ခရီးထွက်လာတဲ့ မိန်းမပျိုလေးများကို ဖမ်းပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူတွေဖြစ်ပါတယ်။ ဒါကို Bryan အနေနဲ့ သူရဲ့ စုံထောက်ဘ၀အတွေ့အကြုံတွေ၊ ပညာတွေသုံးပြီး သူ့သမီးကို ပြန်လိုက်ရှာရမှာပါ။ သူ့သမီးကိုရှာဖို့ ၇၂ နာရီသာ အချိန်ရပြီး ၇၂ နာရီကျော်သွားတာနဲ့ သေရင်သေ မသေရင် တခြားလူတွေလက်ထဲရောက်သွားပြီး ရှာတွေ့ဖို့ လမ်းစပျောက်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းက စ၊လယ်၊ဆုံး မနားတမ်း Action Scene တွေ၊ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင်၊ သတိထား ပညာယူရမယ့်အချက်တွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ပါတယ်။ ဇာတ်လမ်းကသာမန် အားဖြင့်ရိုးရှင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်း ကြည့်ရင်၊ ကြည့်နေကြ Action/Revenge ကားတွေ၊ Action/Detective ကားတွေထက် ထူးခြားပါတယ်။ ဇာတ်လမ်းဆုံးသည် အထိ စိတ်လှုပ်ရှားမှုရသအပြည့်အ၀ပေးနိုင်တဲ့အပြင်၊ အက်ရှင်တွေလည်း မရိုးနိုင်အောင် တ၀ကြီးကြည့်ရပါတယ်။ သာမန်သိုင်းကားတွေလို အဓိပ္ပါယ်မရှိ မင်းသားနဲ့လူဆိုးတွေ ချခန်းကြီးပဲ ကြည့်နေရတာ မျိုးလည်းမဟုတ်ပဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းမျိုးပါ။
မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင်ရှာပြီးကြည့်ပါ။ မိသားစုတူတူကြည့်ဖို့သင့်တော်ပါတယ်။ Rated PG-13 ပါ။ ဇာတ်ကားတစ်ကားလုံး မပျင်းမရိပဲကြည့်ရမယ့်ကားမျိုးပါ။

မလွတ်တမ်းအားပေးသင့်သောကားပါ...
(ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်...)
Taken (2)
Taken (1) ကိုကြည့်ပြီးဒီဇာတ်ကားကိုကြည့်မှ အရသာရှိမှာပါ...
Taken (1) မှာဖြစ်ပျက်ခဲ့တာတွေအတွက် Taken (2) မှာ စာရင်းရှင်းကြမှာပါ...
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ Agent တစ်ယောက်ရဲ့ စနစ်ကျနသေသပ်မှုကို
အကောင်းဆုံးပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ..
နှစ်ကားလုံးကိုကျွန်တော်အရမ်းကြိုက်တဲ့အတွက် တစ်စုတစ်စည်းတည်းဖြစ်အောင်ပေါင်းပြီး
Blu-ray Quality  မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်ခင်ဗျာ....
(Mobile ဖုန်းများမှ Firedrive Link တွင် မြန်မာစာတန်းထိုးနဲ့ကြည့်နိုင်ပါပြီခင်ဗျာ...
Movie Quality မကျ ဘဲ File Size ကိုအသေးဆုံးရအောင် ကျွန်တော်တတ်နိုင်သမျှ
ညှိပေးထားပါတယ်.....)

Taken-1 (2008)
Zip File size...571MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:28:49
subtitle....မြန်မာစာတန်းထိုး(Zawgyi One Font)

Download Zip File


Taken-2 (2012)
Zip File size...579MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mp4
hour....01:32:49
subtitle....မြန်မာစာတန်းထိုး(WinResearcher Font)

Download Zip File

The Expendables (1,2,3) မြန်မာစာတန်းထိုး

The Expendables -1 (2010) မြန်မာစာတန်းထိုး

File size...670MB
Quality....flash
Format...mp4
hour....01:44:46
subtitle....မြန်မာစာတန်းထိုး

Watch and Download(pCloud Link)


The Expendables -2 (2012) မြန်မာစာတန်းထိုး
File size...598MB
Quality....flash
Format...mp4
hour....01:33:38
subtitle....မြန်မာစာတန်းထိုး

Watch and Download(pCloud Link)


The Expendables -3 (2014) မြန်မာစာတန်းထိုး
File size...969MB
Quality....flash
Format...mp4
hour....01:57:51
subtitle....မြန်မာစာတန်းထိုး

Watch and Download(pCloud Link)

The Smurfs (1) and (2) မြန်မာစာတန်းထိုး

The Smurfs(2011)မြန်မာစာတန်းထိုး



The Smurfs - 2 (2013) မြန်မာစာတန်းထိုး

The Smurfs (2011)
Zip File size...659MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:34:59
subtitle....မြန်မာစာတန်းထိုး

Download Zip File(Mediafire Link)

The Smurfs-2 (2013)
Zip File size...661MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:36:18
subtitle....မြန်မာစာတန်းထိုး

Download Zip File(Mediafire Link)

21 Jump Street(2012) & 22 Jump Street(2014) စာတန်းထိုး

21 Jump Street (2012) မြန်မာစာတန်းထိုး


ဟာသအက်ရှင်ဇာတ်ကားပါ......
ဇာတ်လမ်းဇာတ်အိမ် ဖန်တီးထားတာ သေသပ်သလို ဟာသလဲတော်တော်မြှောက်ပါတယ်...
ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ ရဲထဲဝင်တဲ့အခါ
အလုပ်အတူတူ တွဲလုပ်ကြရင်း ထူးခြားတဲ့ အမှုတစ်ခုအတွက် ကျောင်းပြန်တက်ရပါတယ်...
ကျောင်းတက်ရင်း ဘယ်လို တလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာ ခံစားကြည့်ကြပါဦးခင်ဗျာ...

22 Jump Street (2014) English စာတန်းထိုး

21 Jump Street ဇာတ်ကားရဲ့အဆက်ဖြစ်ပြီး ဒီနှစ်ထဲမှာ ထွက်ထားတာပါ.....
21 ကိုကြည့်ထားပြီးရင်တော့ 22 Jump Street ကိုကြည့်ရတာပိုပြည့်စုံပါမယ်...
(22 Jump Street ဇာတ်ကားကို မြန်မာစာတန်းထိုးမတင်ဆက်ပေးနိုင်တာကိုတော့
နားလည်ပေးကြပါကုန်.........)


21 Jump Street (2012) မြန်မာစာတန်းထိုး
File size...870MB
Quality....flash
Format...mp4
hour....01:44:45
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)

22 Jump Street (2014) English စာတန်းထိုး
Zip File size...876MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....02:00:00
subtitle....English

Download Zip File(Mediafire Link)

Transformers (1+2+3+4) မြန်မာစာတန်းထိုး

Transformers(2007) မြန်မာစာတန်းထိုး


ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ် ၊ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကျုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက် ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြ၀ဠာကို စိုးမိုးချင်သူများပါ ။  Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ခဲသွားခဲ့ပါတယ် ။ ဒါကို Sam ရဲ့ အဖိုး ကပ္ပတိန် Witwicky တွေ့ရှိခဲ့ပါတယ် ။ ဒီမှာတင် မတော်တစ်ဆ Megatron ရဲ့ navigational system ကို အက်တီဗိတ်လုပ်မ်တာကြောင့် သူ့ မျက်မှန်မှာ ကိုအော်ဒီနိပ်များနဲ့ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ် ။ ဒီ ရေခဲအောက်မှာ ခဲနေတဲ့ Megatron နဲ့ All Spark ကို အမေရိကန်အစိုးရ ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Sector 7 မှ သိမ်းဆည်း ခဲ့ပါတယ် ၊ All Spark မှ စွမ်းအင်အဆက်မပြတ်ထုတ်လွှတ်မှုကို ကာကွယ်တဲ့ အနေနဲ့ ၄င်းထားရှိရာ လျှို့ဝှက်နေရာရဲ့ပတ်ပတ်လည်မှာ ရေလွှဲဆည်အကြီးကြီး တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ ဒါကို Autobots နဲ့ Decepticons တွေသိရှိပြီး All Spark ကို လိုချင်လို့ တိုက်ပွဲဖြစ်ကြပြီး
ဘယ်လိုစခန်းသွားကြမလဲဆိုတာ........။
File size...1.1GB
Quality....flash
Format...mp4
hour....02:15:16
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)




Transformers:Revenge of The Fallen(2009) မြန်မာစာတန်းထိုး

Transformers 1 ကိုအဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ.. 
မင်းသမီး Megan Fox ကိုညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရပြီး မင်းသားလဲအပြောင်းအလဲ
မရှိပါဘူး...ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။

File size...1.2GB
Quality....DVDrip
Format...mp4
hour....02:23:14
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)



 Transformers:Dark of The Moon(2011) မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်းကတော့........
စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။

File size...1.2GB
Quality....flash
Format...mp4
hour....02:27:07
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)



Transformers:Age of Extinction(2014) မြန်မာစာတန်းထိုး 


ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေပြီး ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။

File size...1.4GB
Quality....flash
Format...mp4
hour....02:37:48
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)